မိုင်းဆတ်မြို့၌ ဆိုင်ကလုန်းမုန်တိုင်း ကူညီကယ်ဆယ်ရေး ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး

မိုင်းဆတ် မေ ၁၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”နှင့် ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူများက မေ ၁၂ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

 

မိုင်းဆတ်ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်များ အသင့်ပြင်ဆင်ထားရှိမှုတို့ကို မိုင်းဆတ်လေဆိပ်၌ သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

 

မြင့်မောင်(မိုင်းဆတ်)