မိုင်းဆတ်မြို့၌ မီးလောင်မှုဖြစ်ပွား

မိုင်းဆတ်  ၁၅     ဇန်နဝါရီ 
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ ဝိန်းနေရပ်ကွက်၌ ဇန်နဝါရီ ၁၅ ရက် နံနက် ၂ နာရီ မိနစ် ၄၀ က  မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဝိန်းနေရပ်ကွက်နေ ဦးနန်တိ၏ ခြံဝင်းအတွင်း နေအိမ်၏ အနောက်ဘက်(၅)ပေခန့်အကွာရှိ အလျား(၁၅)ပေ၊ အနံ(၁၀)ပေ သွပ်မိုး၊ သွပ်ကာ၊ သမံတလင်းခင်း အဆောင်တွင် အိမ်မကြီးမှ သွယ်တန်း မီးထွန်းထားရှိသော နှစ်ပင်လိမ်ဝါယာကြိုးများ အပူလွန်ကဲပြီး အဆောင်အတွင်းရှိ ခုတင်နှင့်မွှေ့ယာသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မီးလောင်ရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို ဦးစီးသော မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၀)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ရွှေဦးစီးသော ရဲတပ်ဖွဲ့ ဝင်(၈)ဦးနှင့် ဒေသခံပြည်သူ(၃၀)ဦးခန့်က ဝိုင်းဝန်း မီးငြိမ်းသတ်ရာ ၂ နာရီ ၅၅ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။ 


မီးလောင်မှုကြောင့် အဆောင်အတွင်းရှိ ခုတင်(၁)လုံးနှင့်မွှေ့ယာ(၁)ခု မီးလောင် ဆုံးရှုံးခဲ့ပြီး ဦးနန်တိ(၆၂နှစ်)အား မိုင်းဆတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN