မိုင်းဆတ်မြို့၌ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

မိုင်းဆတ်  ၂၅   ဇူလိုင်   


တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွင်းတောင်ပေါ် ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ဗိုလ်ကြီးဒေါက်တာနိုင်ထက်ဆွေက မိုးတွင်းကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ အသိပညာပေး ဟောပြောပြီး အမှတ်(၁၁) တပ်မတော်ဆေးရုံ (ကုတင်၁၀ဝ) တပ်မှူး ဗိုလ်မှူး ဒေါက်တာသန်းဇော်လင်းနှင့် တြိဂံဒေသတိုင်း နယ်လှည့် ဆေးကုသရေးအဖွဲ့က အထွေထွေရောဂါ၊ အရိုး၊ ခွဲစိတ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အမျိုးသမီးရောဂါ၊ သွားနှင့် ခံတွင်း ရောဂါဝေဒနာရှင် (၁၆၈)ဦးအား အခမဲ့ စမ်းသပ်ကုသပေးခဲ့ကြောင်း သိရသည်။


သန်းဇော်(ပြန်/ဆက်)

 

7