မိုင်းဆတ်နှင့် နမ့်စန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ  ၂

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃၀ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်တောင်ကျေးရွာအုပ်စု၊ ဝိန်းလိတ်ကျေးရွာအနီးတွင် အဲဘို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ကျအူမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုကိုလည်းကောင်း၊ မတ် ၃၁ ရက် ၁၂ နာရီခွဲတွင် နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့်ကျေးရွာအနီးတွင် စံမြင့်ဦး မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)