မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းအခြေပြုရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ဆင်းပွဲပြုလုပ်

မိုင်းခတ်  ဇူလိုင် ၁၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့်  ကျောင်းအခြေပြုရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ဇူလိုင် ၁၀ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် သင်တန်းနည်းပြများက သင်တန်းသား၊ သင်တန်းသူများအား မိုင်းအသိပညာပေးခြင်း၊ အခြေခံပတ်တီးစည်းနည်းနှင့် သတိမေ့လူနာအား အသက်ရှူလေကူနည်းများကို လက်တွေ့သရုပ်ပြသင်ကြားပေးပြီး အရေးပေါ်သုံး ဆေးအိတ်၊ BFAစာအုပ်၊ ကိုဗစ်-၁၉  Prevention Kit ၊ MRE ဗလာစာအုပ် ၊MRE အသိပညာပေး ကာတွန်းစာအုပ်များ ပေးအပ်၍ သင်တန်းဆင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။

 

အဆိုပါ ကျောင်းအခြေပြုရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းကို ဇူလိုင်၈ရက်က စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၃၀) တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်