မိုင်းခတ်မြို့ ရပ်ကွက်နေပြည်သူများထံ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ အခမဲ့ငှားရမ်းပေး

မိုင်းခတ် မေ ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှု အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ သုတ၊ ရသ စာအုပ်များကို ရပ်ကွက်နေ တိုင်းရင်းသားပြည်သူများထံ စာအုပ်များငှားရမ်းပေးခဲ့သည်။

 

မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်နေ‌ပြည်သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နန်းနွယ်နီ(ပြန်/ဆက်)