မိုင်းကိုင်မြို့မယ် ဟမ်းငိုင်းကျေးရွာတွင် ပြည်သူများ ရာသီမရွေးသောက်သုံးရေဖူလုံစေရေး စိမ့်စမ်းရေ ပိုက်လိုင်းသွယ်တန်းပြီးစီး

မိုင်းကိုင် ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု၊ ဟိုင်းငင်း ကျေးရွာ တွင် ကျေးရွာနေပြည်သူများရာသီမရွေး သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

ဟိုင်းငင်းကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေးအတွက်အရှည် ၂မိုင် ရှိသော စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းအား၂၀၂၂-၂၀၂၃ခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၀၀ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင်ယခုနှစ်စက်တင်ဘာလအတွင်းကစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၅၀ မှ လူဦးရေ ၃၀၀  အပြင် ကျွဲနွားတိရစ္ဆာန်များအတွက်ပါရာသီမရွေး သောက်သုံးရေရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်းက ပြောသည်။

အဆိုပါစိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား လွိုင်လင်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းနိုင်၊ မိုင်းကိုင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်းနှင့်တာဝန်ရှိသူများမှယနေ့နံနက်ပိုင်းက ကျေးရွာရေကော်မတီဝင်များနှင့်အတူ စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအားကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲစေရေး၊ နွေရာသီတွင်ရေခမ်းခြောက်မှုမရှိစေရေး ပင်မရေထွက်နေရာများတွင် သစ်ပင်များစိုက်ပျိုးသွားကြရန် ခရိုင်ဦးစီးမှူးကဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

ငြိမ်းသူ