မိုင်းလားမြို့နယ်တွင် စိမ့်စမ်းရေထွက်ပင်ရင်းများ ရေရှည်တည်တံ့စေရေး သီးပင်စားပင့်နှင့်အရိပ်ရ အပင်များ စိုက်ပျိုး

မိုင်းလား  ၃၀ ဇူလိုင်


ဒေသခံပြည်သူများ၏ စိမ့်စမ်းရေထွက်ပင်ရင်းများ ရေရှည်တည်တံ့စေရေး သီးပင်စားပင်နှင့် အရိပ်ရပင်များ စုပေါင်းစိုက်ပျိုးခြင်းကို မိုင်းလားမြို့နယ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုက်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ဇူလိုင်လ ၂၈ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံခရိုင် မိုင်းလားမြို့နယ်အတွင်း ဆောင်ရွက်ခဲ့ကြသည်။


မိုင်းလားမြို့နယ် ကျေးလက်ဦးစီးဌာနမှ စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းအဖြစ် ဆောင်ရွက်ပေးထားသော မိုင်းလားမြို့နယ် တာပင်းကျေးရွာအုပ်စု ကော်နဝါးကျေးရွာနှင့် ပန်ယောင်းကျေးရွာတို့၏ ရေထွက် ပင်ရင်းများ ရေရှည်တည်တံ့စေရေးအတွက် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးသက်ညီညီ ဦးဆောင်၍ ဝန်ထမ်းများ ကျေးရွာသူသားများ စုပေါင်းကာ မယ်ဇလီ၊ ထောပတ်၊ ထင်ရူ၊ စိန်တံချူ စုစုပေါင်းပျိုးပင်၂၀ဝ အား စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။


နေလင်း(ညောင်လေးပင်)