မြိုင်မြို့နယ် ညောင်အုပ်ကျေးရွာ၌ လယ်ယာဧက ၈၀၀ အတွက် ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီး

မြိုင် ဇန်နဝါရီ ၂၅

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၌ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၉ ဒသမ ၉ သန်းဖြင့် ညောင်အုပ်ကျေးရွာ ကုန်ထုတ်လမ်းအား Chindwn Strategy ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

 

အဆိုပါကုန်ထုတ်လမ်းမှာ လမ်းအရှည် ၂ မိုင်၊ လမ်းအကျယ် ၁၂ ပေ၊ မြေနီကျောက်စရစ် ၉ လက်မထု ခင်းခြင်းလုပ်ငန်းတို့ပါဝင်ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်၍ လယ်ယာစိုက်ပျိုးရေးဧက ပေါင်း ၈၀၀ မှ ထွက်ရှိသော သီးနှံများကို ရာသီမရွေး စျေးကွက်သို့ တင်ပို့နိုင်ပြီဖြစ်ကြောင်း မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာသားငါး မွေးမြူရေး ကုန်ထုတ်လမ်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာဖြင့် ဒေသထွက်ကုန်များကို အချိန်တိုအတွင်း စျေးကွက်သို့ တင်ပို့နိုင်ပြီဖြစ်သည်။

 

အထွေး