မိုင်းဖြတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ

မိုင်းဖြတ်     မေ      ၂၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို မေ ၂၆ ရက် နံနက်ပိုင်းမှစ၍ မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ စတင်လက်ခံလျက်ရှိသည်။ ထိုသို့ လာရောက်အပ်နှံကြသည့် ကျောင်သား ကျောင်းသူများကို အတန်းအလိုက် ကျောင်းသုံး ပုံနှိပ်စာအုပ် တစ်စုံကို အခမဲ့ထောက်ပံ့ပေးအပ်၍ အခကြေးငွေများ တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

 

သန်းထွန်း​အေး