မိုင်းဖြတ်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြော၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

mdn

 

မိုင်းဖြတ်၊ ဇန်နဝါရီ ၃၀
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်  အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက အ.ထ.က (မိုင်းဖြတ်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို အ.ထ.က(မိုင်းဖြတ်)ကျောင်းရှိ ရွှေလီဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းလောဝ်းခေးက ပြိုင်ပွဲစည်းကမ်းချက်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများက ပြိုင်ပွဲဝင်ခေါင်းစဉ်များအလိုက် မဲနှိုက်စနစ်ဖြင့် မိမိတို့ကျရာ ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။  

ယင်းနောက် အ.ထ.က(မိုင်းဖြတ်)၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ စာစီကုံးပြိုင်ပွဲကို “စိန်ရတု ပြည်ထောင်စုမှသည် ထောင်စုနှစ်များဆီသို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “စိန်ရတုပြည်ထောင်စု” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲများ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့် ဆုရရှိသူများကို ခရိုင်အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ရွှေကို(မိုင်းဖြတ်)