မိုင်းဖြတ်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

မိုင်းဖြတ် ၊  ​စက်တင်ဘာ ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်ဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်-၂ ဖြင့် ပြည်သူများ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်​ပေးနေလျက်ရှိရာ  စက်တင်ဘာလ ၂၃ ရက်က အထက(ဟိုနား)ကျောင်း၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်ဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်နှင့် ဝန်ထမ်းများက အထက(မိုင်းဖြတ်) ကျောင်းရှိ အသက် (၁၀) နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူ (၁၃၁)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား (အခမဲ့) ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

 

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမောင်၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန့်နှင့် ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှောလမွန် ( မိုင်းဖြတ် )