မိုင်းဖြတ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အစားထိုးသီးနှံများ ပေးအပ်

မိုင်းဖြတ်  ၁၇  မေ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာနေတောင်သူများအတွက် အစားထိုးသီးနှံ (နှစ်ချင်းသီးနှံ-မျိုးစေ့)များ ပေးအပ်ပွဲအခမ်းအနားကို မေလ ၁၅ ရက် နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာ အစည်အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က ဘိန်းအစားထိုးသီးနှံများ ပေးအပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့်  ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက မိုင်းတင်း၊ လန်းဆက်၊ နမ့်ပန်၊ ဟွေရှို၊ နမ့်နန်း စသည့်ကျေးရွာအုပ်စုများအတွင်းမှ ကျေးရွာများရှိ တောင်သူများအတွက် GW-1 (HYBRID RICE SEED)အထူးအထွက်တိုး စပ်မျိုးစပါး ဧက ၇၀ အတွက် မျိုးစေ့ ကီလို ၄၉၀ ကို ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)