မိုင်းဖြတ်၌ ဖုန်းအားသွင်းရာမှအပူလွန်ကဲ၍ လူနေအိမ် နှစ်လုံးမီးလောင်မှုဖြစ်ပွား

မိုင်းဖြတ်   ၂၁   မတ်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊မိုင်းဖြတ်မြို့နယ်တွင် မတ် ၂၀ ရက် နံနက် ၁၀ နာရီခန့်က နမ့်ပန်ကျေး ရွာအုပ်စု၊ မိုင်းဝီးကျေးရွာနေ ဦးကျဘို၏ နေအိမ်၌ ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍ လူနေအိမ် နှစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းဝီးကျေးရွာနေ ဦးကျဘို၏နေအိမ်၌ ဖုန်းအားသွင်းထားရာ အပူလွန်ကဲ၍ မီး​လောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ မီး​လောင်မှု​ကြောင့်ပျဉ်ထောင်၊ သွပ်မိုး၊ ခြေတိုင်ရှည်အိမ်နှင့် ဘေးရှိ ဦးကျပေါ၏​အိမ် ဝါးထရံကာ၊ သက်ကယ်မိုး ၊ ခြေတိုင်ရှည်အိမ်သို့ မီးကူးစက် လောင်ကျွမ်းခဲ့ရာ ရွာသားများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၀နာရီခွဲတွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူနေအိမ်နှစ်လုံး မီးလောင် ဆုံးရှုံခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိ​ကြောင်း

သိရသည်။

 

​သန်းထွန်း​အေး(ပြန်/ဆက်)