မိုင်းပန်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မေ ၂

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ဘုန်းကြီး ကျောင်း၊ သီလရှင်ကျောင်းများတွင် ဆွမ်း၊ ကွမ်း၊ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ကောင်းထက်အောင် နှင့် တာဝန်ရှိသူများက  မိုင်းပန်မြို့နယ်၊ ၃ မိုင် ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်