မိုင်းပန်မြို့နယ်တွင် ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မိုင်းပန် ၁၈ ဇွန်


ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက “ယခုလို ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကလေးငယ်များ အနုပညာကို စိတ်ပါဝင်စားတတ်စေရန်၊ ပင်ကိုစိတ်ကူးစိတ်သန်းများ မြင့်မားလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရှိစေရန်၊ စာလုံးပေါင်းသတ်ပုံများ မှန်ကန်စွာ အသုံးပြုတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ ပြိုင်ပွဲသို့ မိုင်းပန်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၀ လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်(ပြန်/ဆက်) မှ သိရသည်။

MDN