မိုင်းပျဉ်းမြို့၌ နှစ်ရှည်သီးနှံလျော်ကြေးပေးအပ်

မိုင်းပျဉ်း        စက်တင်ဘာ       ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပို့လွှတ်ရေး စီမံကိန်းများဌာနမှ နှစ်ရှည်သီးနှံ လျော်ကြေးပေးအပ်ပွဲကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အမှာစကားပြောကြားပြီး ဓာတ်အား ပို့လွှတ်ရေးစီမံကိန်းများဌာန၊  စီမံကိန်းမန်နေဂျာရုံး()မှ စီမံကိန်းမန်နေဂျာ ဦးနိုင်ဝင်းထွန်းက ၂၃၀ ကေဗွီ နမ့်စန်မိုင်းပျဉ်းကျိုင်းတုံ ဓာတ်အားလိုင်း(၁၅၁.)မိုင် တည်ဆောက်ခြင်း အချက် အလက်များနှင့် ၂၃၀ ကေဗွီ မိုင်းပျဉ်းဓာတ်အား ခွဲရုံအသစ် တည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် မိုင်းပျဉ်းတုံတာနယ်အကြားရှိ နှစ်ရှည်သီးနှံလျော်ကြေး ရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လျော်ကြေးငွေများ အသီးသီးပေးအပ်သည်။       

 

အဆိုပါ နှစ်ရှည်သီးနှံလျော်ကြေးငွေများ ပေးအပ်ရာတွင် မိုင်းပျဉ်းတုံတာမှ ကျေးရွာ ၁၀ ရွာနှင့် ရပ်ကွက်နှစ်ခုတို့မှ လျော်ကြေးငွေရရှိသူ ၈၁ ဦးကို လျော်ကြေးငွေ ၄၈၃၂၅၆၂၆ ကျပ် ပေအပ်ခဲ့ ကြောင်း သိရှိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)