မိုင်းရှူးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စဝ်ရွှေသိုက်ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မိုင်းရှူး ဖေဖော်ဝါရီ ၁၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စဝ်ရွှေသိုက်ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်က အမှတ်(၄)ရပ်ကွက်၌ ဖွင့်လှစ်ခဲ့သည်။

 

အခမ်းအနားတွင် အမှုဆောင်အရာရှိ ဦးဉာဏ်ထွန်းက စဝ်ရွှေသိုက်လမ်းကွန်ကရစ်ခင်းခြင်းနှင့် ပတ်သက်သည့်အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ရေရှည်အသုံးပြုနိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန် ပြောကြားခဲ့သည်။ ထို့နောက် ရပ်မိရပ်ဖတစ်ဦးက စဝ်ရွှေသိုက်ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။  

 

ဆက်လက်၍ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးကျော်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ မြို့မိမြို့ဖ ဦးခွန်လှိုင်နှင့် အမှုဆောင်အရာရှိ ဦးဉာဏ်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ 

 

အဆိုပါ လမ်းအား မြို့နယ်စည်ပင်သာယာရေးဌာန၏၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် သိန်း (၁၂၇)ဒဿမ(၂၀)ဖြင့် အရှည်(၂၄၆)ပေ၊ အကျယ် (၁၅)ပေနှင့် (၆)လက်မထု ကွန်ကရစ်လမ်းခင်းခြင်းကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ခုနှစ် ဇန်နဝါရီ ၁၀ရက်တွင် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

 

သန်းလူ(ပြန်/ဆက်)