မိုင်းရှူးမြို့နယ်တွင် လူထုအကျိုးပြု  စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်

မိုင်းရှူး       စက်တင်ဘာ     ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေး‌ရောဂါ မဖြစ်ပွားစေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက မိုင်းရှူးမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း မူလတန်း‌ကျောင်းဆောင်၌ စု‌ပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍  အဆိုပါနေရာများတွင် အမှိုက်များနှင့် ပေါင်းမြက်များ ရှင်းလင်းကောက်ယူခြင်း၊ သစ်ပင်သစ်ကိုင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)