မိုင်းယောင်းမြို့ အမှတ်(၂)ရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် သဲပုံစေတီတော်လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

မိုင်းယောင်း   ၃၀    ဇူလိုင် 


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အမှတ်(၂)ရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ ရှင်ဥပဂုတ်တော်နှင့် သဲပုံစေတီတော်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၂၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။


မိုင်းယောင်းမြို့နယ်တွင် မိမိရပ်ရွာဒေသ စည်ပင်သာယာဝပြောရေး၊ ရပ်ရွာနေပြည်သူများ ကျန်းမာစေရေး၊ လယ်ယာမြေ စိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းခွင်များ ကောင်းမွန်အဆင်ပြေစေရေးနှင့် စီးပွားဥစ္စာတိုးတက်ရေး၊ ကပ်ရောဂါ၊ မီးဘေး၊ ရေဘေး လေဘေး၊ မြေငလျင် စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်မှု လျော့နည်းစေရေးအတွက် ရှင်ဥပဂုတ်တော်နှင့် သဲပုံစေတီတော်လှူဒါန်းခြင်းကို ယုံကြည်စွာဖြင့် အခါအားလျော်စွာ ကျင်းပပြုလုပ်ပြီး ဓလေ့ရိုးရာနှင့်အညီ ပူဇော်လှူဒါန်းလေ့ရှိကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း