မိုင်းယောင်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

မိုင်းယောင်း  ၁၂ ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က ပြိုင်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ရုပ်သံကျွမ်းကျင်() ဒေါ်နန်းစီဖေါင်းက ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများကို လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

 

ထွန်းမြင့်လှိုင်(ပြန်/ဆက်)