မိုင်းယောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

မိုင်းယောင်း ဇူလိုင် ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ် () ရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထွေ/အုပ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုပေါင်း၍ အဖွဲ့များခွဲကာ ရပ်ကွက်အတွင်း လမ်းအလိုက် တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လမ်းသေဆေး (အဘိတ်) ဆေးခတ်ခြင်း၊ မိမိတို့ အိမ်ပတ်ဝန်းကျင်ရှိ ခြင်ပေါက်ပွားရာနေရာများ သန့်ရှင်းရေးဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့သည်။

 

ထို့ပြင် ရပ်ကွက်နေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း