မိုင်းယောင်းမြို့တွင် သခွားပင်များစိုက်ပျိုး၍ မိသားစုဝင်ငွေ တိုးပွားရရှိ

မိုင်းယောင်း ဒီဇင်ဘာ ၁၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေလျက်ရှိရာ ယခုအခါ ရာသီပေါ်သီးနှံ သခွားပင်များစိုက်ပျိုး၍ မိသားစုဝင်ငွေ တိုးပွားရရှိနေကြောင်း သိရသည်။

 

“သခွားသီး တစ်စည်းလျှင် ကျပ် ၁၀၀၀ ဖြင့် ရောင်းချရပါတယ်။ မိမိနေအိမ်ခြံဝင်းအတွင်းမှာပဲ ဒေသမျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားခြင်းဖြစ်ပါတယ်။ မီးဖိုချောင်အသုံးစရိတ်ကို ကာမိအောင်လို့ပါ။ သခွားသီးကို မိမိကြိုက်နှစ်သက်သလို အလွယ်တကူ ပြင်ဆင်ပြုလုပ် စားသုံးနိုင်ပါတယ်” ဟု သခွားသီး စိုက်ပျိုးရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။

 

မိုင်းယောင်းတွင် ဥယျာဉ်ခြံလုပ်ငန်း၊ ပန်းမျိုးစုံစိုက်ပျိုးခြင်းနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်းလုပ်ငန်းများကို ရာသီအလိုက် လုပ်ကိုင်လျက်ရှိပြီး ရာသီပေါ်သီးနှံအဖြစ် သခွားပင်များကို စိုက်ခင်းအတွင်း စိုက်ပျိုးကြပြီး ခူးဆွတ်ရောင်းချချိန်တွင် မိသားစုဝင်ငွေကို အထောက်အပံ့ရလျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း