မိုင်းယောင်းတွင် (၂၃)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စည်ကားစွာ ကျင်းပမည်

မိုင်းယောင်း  ဩဂုတ်  ၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စည်ကားစွာ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ဩဂုတ် ၅ ရက်၌ ပြိုင်ပွဲဝင်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

မိုင်းယောင်းမြို့နယ်၌ (၂၃)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အ.ထ.က(မိုင်းယောင်း)၊ အ.လ.က(တပ်တွင်း)နှင့် အ.မ.က(ခိုကဲ)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှည်ပြိုင်မည်ဖြစ်ပြီး ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဩဂုတ် ၁၆ ရက်တွင် အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း