မိုင်းယန်းမြို့၌ ကိုဗစ်-၁၉  ရောဂါ သတိပြုကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်

 

 

မိုင်းယန်း နိုဝင်ဘာ ၂၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ သတိပြု ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ နံနက် ၈ နာရီက  မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တက်နိုင်သမျှ လူစုလူဝေးမှရှောင်ရှား၍ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရန်၊ မလိုအပ်ဘဲ ခရီသွားလာခြင်းများ မပြုလုပ်ကြရန်၊ မဖြစ်မနေ ခရီးသွားလာမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး ကတ်ပြားများ ယူဆောင်သွားရန်နှင့်   မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများသို့ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မိဘပြည်သူများအနေဖြင့်  အကြိမ်ပြည့်မီအောင် ထိုးနှံကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါသည် ကူးစက်ပျံ့နှံ့မှု မြန်ဆန်ခြင်းတို့ကြောင့် စသည်တို့ကို မမေ့မလျော့သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းထူး