မိုင်းယန်း   မတ်    ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့  ပူးပေါင်း၍  နွေရာသီအခြေခံအားကစား နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို    ယနေ့နံနက် ၉ နာရီက   ဟော်ကန်ရပ်ကွက် အတွင်းရှိ မြို့မအားကစားခန်းမ၌   ကျင်းပသည်။

ဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး  ဦးမန်ကိုဟောကနှင့်  ခရိုင်ပညာရေးမှူး ဆရာမကြီး  ဒေါ်ချိုချိုခိုင်တို့က သင်တန်းတက်ရောက်သူများအား  အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ် စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများကသင်တန်း နည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားမျာအား  တူညီဝတ်စုံများ ပေးအပ်သည်။ အဆိုပါ သင်တန်းများကို  မတ်  ၉  ရက်မှ  ၂၁  ရက်အထိ  သင်တန်းသား စုစုပေါင်း ၂၁၇ ဦးကို  သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။        

ထွန်းထွန်းထူး