မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ စေတနာရှင်အလှူရှင်များမှ အသက်ရှူစက်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများ လာရောက်လှူဒန်း

မိုင်းယန်း စက်တင်ဘာ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်တင်ဘာ ရက် နာရီက မြို့နယ်ပြည်သူ့ဆေးရုံသို့ စေတနာရှင်အလှူရှင်များမှ အသက်ရှူစက် (Oxygen Concentrator) နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် မိုင်းယန်းမြို့၊ဈေးတန်းရပ်ကွက်နေ ဒေါ်နန်းဟွမ်နွန်း သား စိုင်းဝန်းတစ်နှင့် ညီမ နန်းခမ်းတစ်တို့မှ (၁၀) လီတာ ဆံ့ အောက်ဆီဂျင်အိုး (၁၀) လုံး၊ Oxygen set (၂၀၀) Exam-gloves (၁၀၀) Flow Meter (၁၀)ခု၊ Pulse Oximeter ()ခု၊ Mask (၁၅) ထုပ်နှင့် Hand gel () ဘူးတို့ကိုလည်းကောင်း၊ မိုင်းယန်းမြို့ ဟော်ကန်ရပ်ကွက်နေ ဦးရှီးဖေရန်မိသားစုမှ အသက်ရှူစက် (Oxygen Concentrator) () လုံးတို့ကိုလည်းကောင်း လာရောက်လှူဒါန်းပေးအပ်ခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဉက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးဘတို့က လက်ခံရယူပြီး မြို့နယ်ဆရာဝန်ကြီးမှ ယခုလို လာရောက်လှူဒါန်းပေးပါသော အလှူရှင်မိသားစုများအား ကျေးဇူး အထူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

ခွန်ရဲထွေး(ဆီဆိုင်)