မိုင်းယုမြို့၌ ကုန်စည်ပြပွဲနှင့် အထူးဈေးရောင်းပွဲတော် ကျင်းပမည်

မိုင်းယု ဇွန် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကုန်စည်ပြပွဲနှင့် အထူးဈေးရောင်းပွဲတော်ကို ဇွန် ၂၆ ရက်နေ့မှ ဇူလိုင် ၅ ရက်အထိ မြို့မရပ်ကွက်ရှိ အားကစားကွင်း၌ ပြုလုပ်သွားမည်ဖြစ်သည်။

ဈေးရောင်းပွဲတော်တွင် အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ကလေးကစားစရာအရုပ်များ၊ ကလေး/လူကြီး အဝတ်အထည်များ၊ စားသောက်ကုန်အမျိုးမျိုး၊ လျှပ်စစ်ပစ္စည်း အမျိုးမျိုးနှင့် စာရေးကိရိယာအမျိုးမျိုး တို့ကို နေ့စဉ်နံနက် ၉ နာရီမှ ည ၁၀ နာရီထိ ဈေးနှုန်းချိုသာစွာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
    
ကိုကိုနိုင်