မိုင်းယုမြို့နယ်၌ ငမြှောင်တောင်ပိုး (FAW) ကာကွယ်နှိမ်နင်းနည်း အသိပညာပေး

မိုင်းယု  ၂၆  မေ

ငမြှောင်တောင်ပိုး (FAW) ကာကွယ်နှိမ်နှင်းနည်းနှင့် သီးနှံများ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၁ဝ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယုမြို့နယ် ဝမ်ပေါက်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

0000

 

ဟောပြောပွဲတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမင်းဦးကျော်က တောင်သူများ စိုက်ပျိုးကြမည့် ပြောင်း၊ နှမ်း၊ စပါး၊ အာလူး၊ ကြံ စသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ချိန်၌ ငမြှေင်တောင်ပိုး(FAW) ကျရောက်နိုင်သဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်စေရန်၊ သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရေး၊ ယင်းပိုးကောင်များ ကျရောက်လျှင် သဘာဝပိုးသတ်ဆေးသုံးစွဲ၍ ကာကွယ်နည်း၊ ပိုးကောင်များ၏ ပျံပွားပုံအဆင့်ဆင့်၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေးတို့ကို ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တောင်သူများက သိလိုသည်များ မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကာ လိုအပ်သော ပိုးသတ်ဆေးများနှင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးပင်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်မှာယူနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

ကိုကိုနိုင်(မိုင်းယု)