မိုးညှင်း၊ ဟိုပင်၊ ကလေးနှင် ကော့သောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  မေ ၁၀

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၈ ရက် မွန်းလွဲ ၁ နာရီတွင် သတင်းအရ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြို့မ(တောင်)ရပ်ကွက်ရှိ ကားဂိတ်တွင် MARK II အမျိုးအစား မော်တော်ယာဉ်ဖြင့် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ ဇော်ထက်ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီခွဲတွင် ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူ သူ ဇေယျာဦးကို စစ်ဆေးရှာဖွေရာ အိုက်စ် ၃ ကီလို ကိုလည်းကောင်း

 

မေ ၉ ရက် မွန်းလွဲ ၁၂ ခွဲတွင် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ() (၁၀)လမ်းထိပ်တွင် အောင်ဇော်မိုး မောင်းနှင်ပြီး လာလ်နွန်တလွန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းတို့ကြားရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား ၁၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်တွင် မလာလ်နွန်တလွန်း နေထိုင်သည့် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၆)ရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်းသိရသည်။

(ရဲပြန်ကြား)