မိုးညှင်း ၊ ကြည့်မြင်တိုင်နှင့် နောင်ချို မြို့နယ်တို့တွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် မေ ၂၉

 

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၈ ရက် ညနေ ၄ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ လုံးတုံကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဝေလုအောင် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၂၀၀ ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၅ နာရီတွင် ကြည့်မြင်တိုင်မြို့နယ်၊ မန်းကျည်းတန်း မြောက်အရှေ့ရပ်ကွက်၊ အထက်ကြည့်မြင်တိုင် လမ်းမကြီးနှင့် ဌာနာလမ်းထောင့်တွင် ဖြိုးကိုကို ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၅ နာရီခွဲတွင် ကြည့်မြင်တိုင် မြို့နယ်၊ မန်းကျည်းတန်းမြောက် အရှေ့ရပ်ကွက်၊ ဌာနာလမ်းရှိ ၎င်း၏နေအိမ် အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေး ပြား ၃,၅၀၀ နှင့် အိုက်စ် သုည ဒသမ ၀၃၅ ကီလိုကိုလည်းကောင်း၊ ယနေ့ မွန်းလွဲ ၃ နာရီတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စိုင်းပေါက်ပေါက်()ကိုပေါက် မောင်းနှင်လာသည့် Crown အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ပြောင်း ဆေးဝါး ဖြစ်သည့် Happy Water သုည ဒသမ ၂၅ ကီလိုနှင့် Ketamine ၁ ဒသမ ၉၄ ကီလိုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)