မိုးညှင်း မြို့ရှောင်လမ်း၌ ဆီဘောက်ဆာယာဉ် အရှိန်လွန်တိမ်းမှောက်

မိုးညှင်း ၂၇  မတ် 

 


ကချင်ပြည်နယ် မိုးညှင်းမြို့ မြို့ရှောင်လမ်းတွင် ယနေ့ နံနက် ၆ နာရီခန့်က ၂၂ ဘီး ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ မိုးညှင်းမြို့ အရှေ့စုရပ် မြို့ရှောင်လမ်း ဆင်ခေါင်းညောင်ပင်ကွေ့အနီးတွင် ယာဉ်မောင်း သူရအောင် (၃၅)နှစ် (ဘ) ဦးထွန်းရီ အလုံရပ်ကွက်၊ မုံရွာမြို့နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကောင်းမြတ်စိုး (၂၇)နှစ် (ဘ)ဦးခင်မောင်စိုး အိုးဘိုတောင်မြို့သစ် မုံရွာမြို့နေသူ လိုက်ပါလာသော FUSO အမျိုးအစား ၂၂ ဘီးယာဉ် YGN 6P/....သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

 


ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ယာဉ်တွင် လောင်ဆာဆီများပါရှိနေ၍ ခရီသွားမော်တော်ယာဉ်များ ဘေးအန္တရာယ် မဖြစ်ပွားစေရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် မီးသတ်တပ်အဖွဲ့ဝင်များက မီးလောင်မှုမဖြစ်ပွားစေရေး ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းအား ဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 


ကိုမင်း(အင်းတော်) 

 

န