မိုးညှင်း၊ ပြင်ဦးလွင်နှင့်လားရှိုး မြို့နယ်တို့တွင် မူယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၂ ရက် မွန်းလွဲ ၃ နာရီတွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် NOAH အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို ကိုလည်းကောင်း။

ဇွန် ၃ ရက် နံနက် ၉ နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာအုပ်စု၊ အင်းပုတ်ကျေးရွာနေ မသူ(ခ)နီနီအေး ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၅,၈၉၈ ပြားနှင့် မြန်မာငွေကျပ် ၇ သိန်းတို့ကို ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၄၀ တွင် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအနီးတွင် တင်ဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၂၀၀ သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား