မိုးညှင်းခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား ကျောင်းသူ ၃၅၀၉ ဦး ဝင်ရောက်ဖြေဆိုမည်

မိုးညှင်း   မတ်   ၆

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ ၃၅၀၉ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများမှာ မိုးညှင်းမြို့နယ်မှ ၁၉၂၀၊ မိုးကောင်းမြို့နယ်မှ ၁၁၅၉ ဦးနှင့် ဖားကန့်မြို့နယ်မှ ၄၃၀ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၅၀၉ ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဦးဝင်းမြင့်ထွန်းထံမှ သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)

 

mdn