မိုးညှင်းမြို့၏ အရှေ့မြောက်ဘက် (၉)မိုင်ခန့်အကွာတွင် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ရှား

မိုးညှင်း ၃ သြဂုတ်

သြဂုတ် (၃)ရက် မြန်မာစံတော်ချိန် (ဝ၃)နာရီ၊ (၄၂)မိနစ်၊ (၄၉)စက္ကန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၉)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း၊ မိုးညှင်းမြို့၏ အရှေ့မြောက်ဘက် (၉)မိုင်ခန့်အကွာ ) တွင် မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၄.၉၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၂)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

MDN