မိုးညှင်းမြို့နယ်  ဘီလူးမြို့၌ စစ်ကျန်ဗုံးသီးတစ်လုံးတွေ့ရှိ

မိုးညှင်း   ဇန်နဝါရီ   ၂၈

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဘီလူးမြို့မှ ပင်းဟဲကျေးရွာဘက်အထွက်၌ တံတား တည်ဆောက်ရေး လုပ်ငန်း‌ဆောင်ရွက်ရာတွင် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ဘက်ဟိုးဖြင့် မြေတူးဖော်ရာမှ စစ်ကျန်ဗုံးသီးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

မိုးညှင်းမြို့နယ် ဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ယူ တည်ဆောက်နေ‌သော တံတားအဟောင်းနေရာတွင် ဘက်ဟိုးဖြင့် မြေတူးရာမှ အလျား ပေခွဲနှင့် လုံးပတ် ပေရှိ စစ်ကျန်ဗုံးသီးတစ်လုံး တွေ့ရှိခဲ့သဖြင့် တံတားတည်ဆောက်ရေး တာဝန်ခံ ဦးရဲဝင်းအောင်က သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ ဘီလူးမြို့ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မိုးညှင်းမြို့မရဲစခန်းမှ တာဝန်ရှိသူများ လာရောက်ခဲ့ကြပြီး ပြည်သူများ အန္တရာယ်ကင်းမည့်နေရာသို့ သယ်‌ဆောင်သွားကြကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)