မိုးညှင်းမြို့နယ်တွင် ယာဉ်တစ်စီးတိမ်းမှောက်ရာ တစ်ဦးသေဆုံး

မိုးညှင်း  ၂၁  မတ်


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား သွားကားလမ်းပေါ်ရှိ လွယ်ခမ်းတောင် အဆင်းတွင် ယာဉ်တစ်စီး တိမ်းမှောက်ရာ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ မတ် ၂၀ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် အမှတ်(၁၀၁) ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲအုပ်အောင်လင်း ဦးစီးသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ရွှေဘို-မြစ်ကြီးနားသွားလမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း၊ လွယ်ခမ်းတောင် အဆင်းနေရာတွင် နေမျိုးဦး မောင်းနှင်လာသော ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်သွားရာ ယာဉ်ပေါ်ပါ မောင်ချမ်းကိုကိုသည်  အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ နေမျိုးဦးအား မိုးညှင်းမြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


လူအောင်(ကသာ)