မိုးညှင်းနှင့် ဘားအံ မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၅

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက်  နံနက် ၁၁ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ ဘီလူးမြို့ကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာအနီးတွင် မမိနှောင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ဘီလူးမြို့ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၊ အိမ်အမှတ် (၆၄) ရှိ မမိနှောင်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၆၀ ကို သိမ်းဆည်းရမိခဲ့သည်။

 

ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၊ အိန္ဒုကျေးရွာအနီး၊ ဘားအံ-အိန္ဒုသွားကားလမ်းတွင် စောစားထူးဂါး မောင်းနှင်လာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေး ဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား