မိုးညှင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၁

မိုးညှင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်၊ ဟိုပင်-နန့်မွန်းသွားကားလမ်းတွင် အောင်နိုင်လင်း(ခ)ကြွက်နီ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၃၅၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညန ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် Express အမျိုးအစား ခရီးသည်တင် ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မသန်းသန်းရီ ၏ ထံမှ အိုက်စ် ၁ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်