မိုးညှင်းနှင့်   ကွမ်းလုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၂  

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင်  မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ (၇)မိုင်ကျေးရွာအုပ်စု၊ (၇)မိုင်ကျေးရွာ အနီးတွင် မောင်စိုး မောင်းနှင်ပြီး ကံဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် ဘိန်းဖြူများ ရောင်းချပေးသူ မနွယ်ကို မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ လယ်ပုံတန်းရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီး ရမိခဲ့သည်။

 

အောက်တိုဘာ ၁၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် ကွမ်းလုံမြို့နယ်၊ ပြိန်းရဲကျေးရွာအုပ်စု၊ ရှင်လုံကျိုင်း ကျေးရွာ အနီးတွင် စိုင်းလူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၄ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)