မိုးညှင်းနှင့် ပင်လောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဇွန် ၂၃ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်၊ အမှတ်(၂၅၉)နေ မနမ်နော်(ခ) နမ်နော်လှိုင် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မဂျာမိုင်(ခ)မိုင်းမိုင်အား တွေ့ရှိရ ပြီး ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ပင်လောင်း-နေပြည်တော်သွားကားလမ်း၊ ထိန်ပင် ကျေးရွာအုပ်စု၊ လိန်းလီကျေးရွာရှိ လိန်းလီ ကြိုးတံတားတွင် ရန်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ခွန်တီး မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ နှင့် ဘိန်းစိမ်း သုည ဒသမ ၀၀၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။  

(ရဲပြန်ကြား)