မိုးညှင်းတက္ကသိုလ်၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

မိုးညှင်း ဇန်နဝါရီ ၁၀

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တက္ကသိုလ်တွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက တက္ကသိုလ်အတွင်းရှိ အားကစားကွင်း၌ ကျင်းပသည်။

 

ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်၊ ဖယောင်းတိုင်မီးထွန်း၊ သုံးချောင်းထောက်၊ အပ်နဖားထိုး၊ ဆန်ကောရွက်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ လက်ဆင့်ကမ်း မီတာ(၁၀၀)နှင့် မီတာ(၄၀၀)၊ အပြေးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲပေါင်း (၁၀)မျိုးများအပြင် အခြားပျော်ပွဲရွှင်ပွဲများကို မိုးညှင်းတက္ကသိုလ် မိသားစုဝင်များနှင့် ကျောင်းသားကျောင်းသူများက ယှဉ်ပြိုင်ကစားကြရာ ဆုရရှိသူများကို ဒုတိယပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း ဦးဆောင်သည့် ဆရာ/ဆရာမများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)