မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၈  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံ(အရှေ့မြောက်)ရပ်ကွက်၊ နန်ကျင်-အင်ဂျန်ဒုံ သွားကားလမ်းတွင် ဘရန်အောင် မောင်းနှင်လာသည့် KLUGER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ မမုံကိုင်ကျေးရွာအုပ်စု၊ မိုင်းနောင်ကျေးရွာ၊ မြနန္ဒာရပ်ကွက်၊ အိမ်အမှတ်(၂၆၇)နေ မနွယ်နွယ်ထွန်း ၏နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၁)၊ မိုးကြိုးကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ချမ်းငြိမ်းကို  မောင်းနှင်လာသည့် Harrier အမျိုးအစားမော်တော် ယာဉ်ကို ရပ်တန့်ရှာဖွေရာ  ဘိန်းဆီခဲ ၅၀ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ လားရှိုး-ပြင်ဦးလွင်လမ်း၊ ရပ်ကွက်ကြီး(၁၁)၊ ရေငယ်လမ်းဆုံအနီးတွင် သူရထွန်းနှင့် မသော်သော်ဆက် တို့အား MAZDA 2 မော်တော်ယာဉ်တစ်စီး နှင့်အတူလည်းကောင်း။

ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကမာရွတ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ နာနတ်တော လမ်းတွင် ဇာနည်ထွန်း(ခ)စလင်း မောင်းနှင်ပြီး မမေသူခိုင် လိုက်ပါလာသည့် Toyota Mark II အမျိုး အစားမော်တော်ယာဉ်နှင့် ဇော်မင်းဦး(ခ)စတား မောင်းနှင်လာသည့် Toyota Townace အမျိုးအစား မော်တော်ယာဉ် ၂ စီးတို့အား ရှာဖွေရာ အိုက်စ် သုည ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဇော်မင်းဦး(ခ)စတား နေထိုင်သည့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်)ရပ်ကွက်၊ မြေနီကုန်း ဈေးလမ်း၊ တိုက်အမှတ် (၅၉)၊ (၅)လွှာ(အေ)တိုက်ခန်းအား ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၀၀၀ နှင့် အိုက်စ် ၅ ဒသမ ၉၅ ကီလိုကိုလည်းကောင်း၊    ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာနေ ဝမ်စိစော် ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၆,၀၀၀ ၊ ဘိန်းညိုခဲ သုည ဒသမ ၇ ကီလိုနှင့် အိုက်စ် သုည ဒသမ ၃၉ ကီလိုကိုလည်းကောင်း၊ ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့၊ အမှတ်(၁) ရပ်ကွက်၊ မန့်ခမ်းရပ်၊ မိုင်တိုင် အမှတ်(၃၀၁/၂)အနီးတွင် မာအောင်(ခ)ထွန်းနိုင်(ခ)မောင်ငယ် မောင်းနှင်လာသည့် PAJERO အမျိုး အစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၇၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား