မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


နေပြည်တော်၊ ဇွန် ၁၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၃ ရက် မွန်းလွဲ ၂ နာရီတွင်  ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ မြို့ကြီးကျေးရွာအနီးတွင် Probox အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ကော်ပုံး ၂ ပုံး အတွင်းမှ ဘိန်းဆီခဲ ၂၂ ဒသမ ၀၈ ကီလို ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက် ညနေ ၅ နာရီခွဲတွင်  တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် စိုင်းနော်ဆိုင်လိန် မောင်းနှင်လာသည့် NISSAN X-TRAIL အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၂ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်