မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၈  ဇူလိုင်

မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၇ ရက် ညနေ ၄ နာရီခွဲက မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာအလွန်၊ ဟန်ထက်-မံရံကျေးရွာလမ်းပေါ်တွင် မင်းကို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂,၁၁၂ ပြား ကိုလည်းကောင်း၊

အလားတူ ယင်းနေ့ နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် ငှားရမ်းနေထိုင်သည့် ဖီလီယဲ့(ခ) အားဖီ ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀ဝ ကိုလည်းကောင်း၊

ထို့အတူ ဇူလိုင် ၁၇ ရက် ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု(၄၂)ရန်ကုန်(အနောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်နေ မအိအိသွယ်(ခ)အမိုး၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃,၈၀ဝ ၊ ဘိန်းဖြူ ၁၂၀ ဂရမ်၊ အိုက်စ် ၁,၃၄၀ ဂရမ်၊ ဆေးခြောက် ၂၉၀ ဂရမ်၊ Tramadol ဆေးတောင့် ၃,၆၀ဝ ၊ ဒစ်ဂျစ်တယ် ချိန်ခွင်တစ်ခုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊

 

mdn

 

အလားတူ ယင်းနေ့ ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၃)တန့်ယန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့၊ အမှတ်(၉) ရပ်ကွက်၊ တန့်ယန်း-နောင်ဟီးကား လမ်းမပေါ်တွင် စစ်ဆေးရေးဆောင်ရွက်နေစဉ် အမျိုးသား ၁ ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်မှာ စစ်ဆေးရေးအဖွဲ့အနီးသို့ မရောက်မီ မောင်းနှင်ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးရာ ဆိုင်ကယ်ကိုထားခဲ့ပြီး ထွက်ပြေးသွားသဖြင့် ၎င်းဆိုင်ကယ်အားရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း၊ 

ထို့အတူ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာအဝင် ယူကလစ်တောအနီးလမ်းမပေါ်၌ ချိန်လောက်ဝူး မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀ဝ ၊  ဘိန်းဖြူ ၂၄ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ကိုရဲ