မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၃   ဇွန်

 

မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဇွန် ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာနေ ရဲရင့်ဆွေ၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၅၀၊ မြန်မာငွေကျပ် ၈၀ဝ,ဝ၀ဝ တို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့သစ်(င)ရပ်ကွက်၊ (၄)လမ်းနေ မအေးမိနိုင်ဇော်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၂၄ ပြား၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊

ထို့အတူ မွန်းလွဲ ၁ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်(မြောက်)၊ ရန်ကင်းစင်တာရှိ ကော်ဖီဆိုင်တွင်ထိုင် နေသော မခင်အေးမွန်အားစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဝါဦးကျောင်းလမ်းနှင့် အောက်မင်္ဂလာဒုံလမ်းမကြီးရှိ အထည်ဆိုင်ရှေ့တွင် စိုးသိန်းဦး အား စိတ်ကြွရူးသွပ်ဆေးပြား ၄၀ဝ နှင့် မလှမြတ်မွန် အား ဝါဦးကျောင်းလမ်းရှိ အလှပြင်ဆိုင်တွင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ မလှမြတ်မွန် နေထိုင်သည့် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဝါဦး(၁)လမ်း၊ တိုက်(၁၀)၊ ဒုတိယထပ်(ဝဲ)အခန်းကို ဝင်ရောက်ရှာဖွေရာ တင်ညွန့်နှင့် မမြသက်မွန်တို့အားတွေ့ရှိပြီး တင်ညွန့် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,ဝ၀ဝ ၊  မြန်မာငွေကျပ် ၂၅ သိန်း၊ တိုက်ခန်းရှေ့တွင် ရပ်ထားသော Alphard အမျိုးအစားမော်တော်ယာဉ်တစ်စီးတို့ကိုလည်းကောင်း၊ ထို့နောက် ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာနေ ကျော်ထက်အောင်၏နေအိမ်အိပ်ခန်းကိုရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ,ဝ၀ဝ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

(သတင်းစဉ်)