မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၁၆ ဇန်နဝါရီ 

 

မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၅ ရက် မွန်းတည့် ၁၂ နာရီက ဖားကန့်မြို့နယ်၊ နန့်တိန်းကျေးရွာအဝင် မန္တလေး-ဖားကန့် ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်ကို ရှာဖွေရာ ခရီးသည် ဇောင်းခေါင်၏ ကျောပိုးအိတ်အတွင်းမှ ဘိန်းဖြူ ၁၅၀ ဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၀ဝ၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ခရီးသည် တားဖာ၏ ကျောပိုးအိတ်အတွင်းမှ ဘိန်းဖြူ ၁၁၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ခရီးသည် လှကျော်၏ ဆာလာအိတ်အတွင်းမှ ဘိန်းဆီခဲ ၃ ဒသမ ၃ ကီလိုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၅ နာရီက မူးယစ်တပ်ဖွဲ့စု(၁) ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမော်မြို့နယ်၊ နောင်လိုက်-တိုက်ကျောင်း ကျေးရွာသွားလမ်း၊ နောင်လိုက်တံတား အနီးတွင် မစိုးခို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဘိန်းဖြူ ၃၅ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မတင်ရွှေ၏ နေအိမ်ကိုရှာဖွေရာ မတင်ရွှေနှင့် မခင်မေတို့အား နေအိမ်တွင်တွေ့ရှိရပြီး မခင်မေထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၂ သိန်းတို့ကိုလည်းကောင်း။

 

ထို့အတူ ညနေ ၆ နာရီခွဲတွင်  မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုးမိတ်-မဘိမ်း ကားလမ်း၊ မိုင်တိုင်အမှတ်(၄/၃) အနီးတွင် ညီညီသန့် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မိုးမိတ်မြို့နယ်၊ ရွှေဇာလီကျေးရွာအုပ်စု၊ အထက်ညောင်နီကျေးရွာနေ မခင်အောင်၏ နေအိမ်ကိုရှာဖွေရာ ဘိန်းစိမ်း ၁ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၃၅၂၇ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

(သတင်းစဉ်)