မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၁၅  ဇူလိုင် 

 

     
ပင်လည်ဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၄ ရက်  ည ၈ နာရီ ၄၅ မိနစ်က ပင်လည်ဘူးမြို့နယ်၊ သင်္ဘောတာကျေးရွာအနီးလမ်းတွင် သာဌေးနှင့် မြင့်ရွှေ တို့ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ် ၂ စီးကို ရပ်တန့်ရှာဖွေရာ သာဌေးမောင်းနှင်လာသည့် ဆိုင်ကယ် ရှေ့ခွကြားရှိ ကျောပိုးအိတ်အတွင်းမှ  ဘိန်းစိမ်း ၈ ဒသမ ၁၅ ကီလိုကိုလည်းကောင်း၊


    

အလားတူ ဇူလိုင် ၁၃ ရက် ညပိုင်းက  စဉ့်ကိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ စော်ရဲကျေးရွာနေ ဦးမြင့်စိုး၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ ခင်မောင်ဦးနှင့် ဇင်မျိုးဦး(ခ) ဘပု တို့အားတွေ့ရှိပြီး ၎င်းတို့ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၇၀ ကိုလည်း ကောင်း၊ 


     

ထို့အတူ ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ အမရဌာနီ(အရှေ့)ရပ်ကွက်၊ အမှတ်(၁၂)လမ်းရှိ ဘီယာဆိုင်တွင်တွေ့ရှိသူ ဉာဏ်လင်းထွဋ်(ခ)စည်သူ၊ ဝင်းမင်းလတ်(ခ)ဂွန်းတန်နှင့် ကောင်းဉာဏ်ထက်တို့အား ရှာဖွေရာ ဉာဏ်လင်းထွဋ်(ခ)စည်သူထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ၎င်းတို့တည်းခိုနေထိုင် သည့် အောင်မြေသာစံမြို့နယ်၊ ၈၄ လမ်း၊ ၂၂ x ၂၃ လမ်းကြားရှိ တည်းခိုခန်း၊ အခန်းအမှတ်(၂၀ဝ) ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅,၃၁၆ ပြားထပ်မံသိမ်းဆည်းရမိခဲ့သည်။


    

အလားတူ  ယင်းနေ့ ည ၈ နာရီ က မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ကလော-သာစည်သွား ကားလမ်း တွင် နန္ဒကျော် မောင်းနှင်ပြီး ထက်ကိုငြိမ်း လိုက်ပါလာသည့် TOYOTA HIACE အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ထက်ကိုငြိမ်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ပြားနှင့် ယာဉ်၏ ဝဲဘက်ရှိ နောက်တံခါး ခြေနင်းခုံထောင့် တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀ဝ တို့ကို လည်းကောင်း၊


    

ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်က  မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(ခ)မှ ဝမ်မိုင်ကျေး ရွာသို့သွားသည့် လမ်းမပေါ်တွင် လီချေ့ နှင့် အားဆော် တို့အတူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၂ စီး ကို ရပ်တန့်ရှာဖွေရာ လီချေ့ ၏ ဆိုင်ကယ်ခွကြားတွင် တင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသတင်း ရရှိသည်။ 

 

(ကိုရဲ)

 

dfwf