မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မိုးနဲ ၂၄ ဇူလိုင်         

 
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ၂၀၁၉ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပေါင်းစုံဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကို ဇူလိုင် ၂၃ ရက် မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစိုင်းမွန်းလိန်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က ပြိုင်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက မြို့နယ်အုပ်ချုပ်ရေးမှူးအား အလေးပြု၍ ကွင်းအတွင်းနေရာယူကာ အားကစား အဓိဋ္ဌာန်ကို သံပြိုင်ရွက်ဆိုပြီး ကွင်အတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် အ.ထ.က ကျောင်းသား/ ကျောင်းသူလေးများက ဘင်ခရာပန်းပွားအကဖြင့်လည်းကောင်း၊ အ.လ.က(မြို့မ) ကျောင်းသူလေးများက Myanmar Fitness Dance အကဖြင့် လည်းကောင်း၊ ရှမ်းစာပေယဉ်ကျေးမှုအကအဖွဲ့က ထုတ်လီဟုခင်းတို ရှမ်းတေးသီချင်းဖြင့် လည်းကောင်း အသီးသီးကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


ထို့နောက် ကွင်းဖွင့်ပွဲအဖြစ် ဌာနဆိုင်ရာအဖွဲ့ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး/ရပ်မိရပ်ဖတို့ ချစ်ကြည်ရေးအဖြစ် အပျော်တမ်းဘောလုံး ယှဉ်ပြိုင်ကစားခဲ့ရာ ဌာနဆိုင်ရာအဖွဲ့က လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါဘောလုံး ပြိုင်ပွဲတွင် အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ပြီး အုပ်စုလေးစုခွဲ၍ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)