မိုးပျံတက္ကစီများ တည်ဆောက်ရေးတွင် တိုယိုတာကုမ္ပဏီက ဒေါ်လာသန်း ၄၀၀ နီးပါး ရင်းနှီးမြုပ်နှံ

တိုကျို ၁၇ ဇန်နဝါရီ

မိုးပျံတက္ကစီများ တည်ဆောက်ရေးတွင် အမေရိကန်နိုင်ငံမှ ပေါ်ထွန်းစ လုပ်ငန်းတစ်ခုနှင့် ပူးတွဲလုပ်ကိုင်မည် ဟု တိုယိုတာမော်တော်ကားကုမ္ပဏီက ကြေညာလိုက်သည်။

မြို့တော်ကြီးများဝန်းကျင်၌ ခေါက် တုံ့ခေါက်ပြန်သွားနိုင်သည့် လေယာဉ်ပျံများ တီထွင်ရန် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ Joby Aviation သို့ ကူညီမည်ဟု ဂျပန် မော်တော်ကားကုမ္ပဏီတိုယိုတာကပြောသည်။ တိုယိုတာကုမ္ပဏီက အဆိုပါမိုးပျံယာဉ်များ တည်ဆောက် ရေးစီမံကိန်း၌ အမေရိကန်ဒေါ်လာ ၃၉၄ သန်း ထည့်ဝင်ခဲ့ရာ ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့သည်။ တိုယို တာကုမ္ပဏီက လျှပ်စစ်ကားနည်း ပညာ၊ ထုတ်လုပ်မှု၊ အရည်အသွေး နှင့် ကုန်ကျစရိတ်ထိန်းချုပ်မှုများတွင် ပညာရပ်များမျှဝေသွားမည်ဖြစ်သည်။

မိုးပျံတက္ကစီတီထွင်နေသည့် ဂျာမနီ ကုမ္ပဏီတစ်ခုသည် ပြီးခဲ့သောနှစ်က စင်ကာပူ၌ခရီးသည်နှစ်ဦးတင်ဆောင် နိုင်သော မိုးပျံယာဉ်ကို အောင်မြင်စွာစမ်းသပ်ခဲ့သည်။ ကုမ္ပဏီများစွာကလည်း အလားအလာကောင်းသော မိုးပျံတက္ကစီလုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်ရန် မျှော်လင့်နေကြသည်။

ကိုးကား-အင်န်အိတ်ချ်ကေ ဘာသာပြန် - ကျော်ထိုက်စိုး